စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းရှိ အကြမ်းဖက် စစ်တပ်ကင်းစခန်းကို ဒီကနေ့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ဦး ထိမှန်ခဲ့ကြောင်း ကလေး PDF က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်မှာ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးနဲ့ ဝယ်စလီဆေးရုံလမ်းထောင့်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ကလေး PDF တပ်ဖွဲ့ဝင်တွေက ရုတ်တရက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့ပေါ်နေ ပြည်သူတစ်ဦးက PDF ရဲဘော်တွေဟာ ပြောက်ကျားအတွေ့အကြုံ အားကောင်းနေကြပြီလို့ မျက်မြင်တွေက ပြောကြတယ်လို့ ဆိုပါတယ်။
‘အလစ်အငိုက်မှာ မြန်မြန်ဝင်မြန်မြန်ပစ်ပြီး မြန်မြန်ပြန်ဆုတ်သွားကြတယ်။ စစ်ခွေးတွေ အမြီးတောင် မခတ်လိုက်နိုင်ဘူး’ လို့ သူကပြောပါတယ်။
ကလေး PDF ဖြစ်တည်လာဖို့ သန္ဓေတည်ခဲ့တဲ့ အဖွဲ့အစည်းတွေအနက် တစ်ခုဖြစ်တဲ့ Kalay Civil Army ကို တာဟန်းခံတပ်မှာ စတင်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ဖြစ်တဲ့ မတ်လ ၂၉ ရက်နေ့မှာ အခုလို အထိမ်းအမှတ်ပြု တိုက်ပွဲဝင်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။