ဒီနေ့ မတ်လ (၂၉) ရက်၊ မနက် ၉ နာရီခွဲ ဝန်းကျင်မှာ ချင်းပြည်နယ်၊ ဟားခါး ရဟတ်ယာဉ်ကွင်းကို ဦးတည်မောင်းလာတဲ့ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တဲ့လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်က ရဟတ်ယာဉ်ပျက်ကျတဲ့ဖြစ်စဉ်ဟာ ပစ်ချခံရတာမဟုတ်ဘဲ ရာသီဥတုကြောင့် ဟားခါးရဟတ်ယာဉ်ကွင်း ဆိုက်ကာနီး မီတာ ၁၀၀ လောက်အကွာမှာပြုတ်ကျတာလို့ စစ်အုပ်စု သတင်းပြန်ကြားရေးဝာာဝန်ခံ ဇော်မင်းထွန်းက ဘီဘီစီကို ဖြေကြားထားပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဟားခါးမြို့ကို တက္ကသိုလ်ဝင်တန်း မေးခွန်းတွေ သွားပို့ခဲ့တာဖြစ်ပြီး အဲ့ဒီရဟတ်ယာဉ်ပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပညာရေးဝန်ထမ်း တချို့လိုက်ပါလာခဲ့တာလို့ ဆိုပါတယ်။
တပ်ကနှစ်ဦးနဲ့ ပညာရေးဝန်ထမ်း ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူမရှိဘူးလို့ ဇော်မင်းထွန်းက ပြောထားပါတယ်။