ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ (တောင်) နယ်မြေမှာ မနေ့က မတ်လ ၂၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ The 74 Media က ဖော်ပြထားပါတယ်။
အင်ဂျန်ဒုံတောင်မှ ရာဒါကောင်းကို သွားရာလမ်းရှိ ဆက်သွယ်ရေးပုံး ဖောက်ခွဲခံရတာဖြစ်ပြီး ယမ်းအနံ့တွေလည်းရတယ်လို့ဆိုပါတယ်။ ဗုံးပေါက်ကွဲပြီး လျှပ်စစ်မီး ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့ တပ်ကုန်းစံပြလမ်းမကြီးမှာလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ ဆိုပါတယ်။