မန္တလေး မြေပြင်သပိတ် လူငယ်တစ်ဦး ကျန်းမာရေးနဲ့ အသက်အန္တရာယ် စိုးရိမ်ရ

မန္တလေးမြို့ရှိ မြေပြင်သပိတ်စစ်ကြောင်းတွေမှာ တက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်နေတဲ့ ကို Felix (ခေါ်) ကျော်စွာဝင်းကို မနေ့က မတ်လ ၂၇ ရက်နေ့ နေ့လည် ၁ နာရီလောက်က အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့ဝင်တွေ ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးရမိချိန်မှာ ကို Felix ကို ပြင်းပြင်းထန်ထန် ရိုက်နှက်၊ နှိပ်စက်၊ ထိုးကြိတ်ခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးထားတယ်ဆိုတာလဲ မသိရသေးသလို အဆက်အသွယ်မရဘဲ ဖြစ်နေပါတယ်လို့ သိရပါတယ်။
ကို Felix ဟာ ကျန်းမာရေး ကောင်းမွန်တဲ့ လူငယ်တစ်ဦး ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုတွေကြေင့် အသက်အန္တရာယ် ထိခိုက်မှာကို မိသားစုဝင်တွေလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။