ရန်ကုန်မှာ ဒီနေ့မနက် မီးနှစ်ကြိမ် လောင်ကျွမ်

Photo – CJ
ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ပိုင်းက မီးနှစ်ကြိမ်လောင်ကျွမ်းခဲ့ရာမှာ လူနေအိမ်အချို့နဲ့ စျေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီကနေ့ မနက် ၇ နာရီ ၂၅ မိနစ်၌ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအဆင်းက စျေးဆိုင်တန်းတွေမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မြေနီကုန်းပန်းခြံရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်းက အဲဒီဆိုင်ခန်းတွေမှာ အားကစားပစ္စည်း၊ အဝတ်အထည် စသဖြင့် ရောင်းချတာဖြစ်ပြီး ဆိုင်ခန်းလေးခုထက်မနည်း မီးလောင်မှုကြောင့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
” အားကစားပစ္စည်းတွေရောင်းတဲ့ ဆိုင်တန်းလေ။ ဘီယာဆိုင်လေးတွေလည်း ရှိတယ်။ ဆိုင်လေးငါဆိုင်မကဘူး မီးထဲပါသွားတယ်။ ” လို့ မြေနီကုန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အလားတူ ဒီကနေ့ မနက် ၉ နာရီက မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းမှာ မီးလောင်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မိနှစ်နှစ်ဆယ်ကျော် ကြာမြင့်ခဲ့တဲ့ အဲဒီမီးလောင်မှုမှာ လူနေအိမ်လေးလုံး ပျက်စီးခဲ့ရပါတယ်။ လျှပ်စစ်မီးပျက်ပြီး ပြန်လာချိန် ဝါယာရှော့ခ်ဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းတာ ဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
” ၉နာရီ မီးပြန်လာတော့ ဝါယာရှောခ့်ဖြစ်တယ် ပြောတယ်။ Level 1 ပဲ အိမ်လေးအိမ်လောက်တော့ မီးသင့်သွားတယ်။” လို့ သူက ဆိုပါတယ်။