တိုက်ပွဲဝင် CDM ဝန်ထမ်းတွေအတွက် ကိုရီးယားဝမ် သိန်း ၃၀ လှူဒါန်

ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ CDM ပြည်သူ့ဝန်ထမ်းကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ(ကိုရီးယား)က ကိုရီးယားဝမ်ငွေ သိန်း၃၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ(ကိုရီးယား)ရဲ့ အဖွဲ့ဝင်တွေစုပေါင်းပြီး CDMဝန်ထမ်းတွေအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း NUG အစိုးရရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဒီကနေ့ထုတ်ပြန် ပါတယ်။
အဲဒီလှူဒါန်းငွေကို NUG အစိုးရရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက လက်ခံရယူထားပြီး NUGအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနဆီ လွှဲပြောင်းပေးပို့ သွားမယ်လို့ သိရပါတယ်။