တော်လှန်ရေးနေ့လက်ဆောင်အဖြစ် မြင်းခြံမှာ အကြမ်းဖက်စစ်သား ၇ ဦးကို ရှင်းလင်းခဲ့

တော်လှန်ရေးနေ့လက်ဆောင်အဖြစ် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ပတ္တာဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၇ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ၂၅ ရက်နေ့ မနက် ၉ နာရီလောက်က ပတ္တာဆိပ်ကမ်းမှာ တပ်စွဲထား တဲ့ အကြမ်းဖက်စစ်သား၂၀ လောက်ကို မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ 27 Revolution Force ၊မြေလတ်-PDF MGN Districtနဲ့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF)တို့က ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ဦး သေဆုံးရုံတင်မက ၃ဦးဒဏ်ရာရခဲ့တယ်လို့ 27 Revolution Force မြင်းခြံက ဒီကနေ့ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးနဲ့၃ချက်ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
မတ်လ၂၄ရက်နေ့ညကလည်း မြင်းခြံမြို့ အမှတ်၅ရပ်ကွက်ထဲက လျှပ်စစ်ရုံးကို မဟာမိတ်၃ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ 27 Revolution Force က ထုတ်ပြန် ပါတယ်။