စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ချိတ်ပိတ်ခံထားရတဲ့ အိမ်တစ်လုံး ဒီနေ့မွန်းလွဲ ၂ နာရီခွဲလောက်မှာ မီးလောင် ကျွမ်းနေတယ်လို့ သိရပါတယ်။
မီးလောင်နေတဲ့ အိမ်ဟာ ရွှေဘိုမြို့၊ ၉ ရပ်ကွက်၊ဓမ္မာရုံနောက်ကျောက ရှေ့နေဒေါ်မီးငယ်ရဲ့ အိမ်ဖြစ်ပြီး ဘယ်လိုအကြောင်းကြောင့် မီးလောင်ကျွမ်းသလဲဆိုတာကို မသိဘူးလို့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။
ရွှေဘိုမြို့နေ တက်ကြွလှုပ်ရှားသူ တစ်ဦးကတော့ အကြမ်းဖက်စစ်တပ်နဲ့ သူတို့လက်အောက်ခံ အဖွဲ့တွေက မီးရှို့လို့ မီးလောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
‘ချိပ်ပိတ်ထားတဲ့အိမ် သူ့ဘာသာ မီးထတောက်စရာအကြောင်းမရှိပါဘူး။ ဒီလိုချိပ်ပိတ်ထားတဲ့ အိမ်တွေ၊ရုံးတွေထဲကနေ လုစရာရှိတာလုပြီးရင် မီးရှို့တာဗုံးခွဲတာမျိုးလုပ်တာက မင်းအောင်လှိုင်တပ်တွေပဲ’ လို့ သူက ပြောပါတယ်။
ဒီနေ့မွန်းလွဲ ၃ နာရီလောက်အထိ မီးလောင်ကျွမ်းနေဆဲလို့ ရွှေဘိုမြို့ခံက ဆိုပါတယ်။
Photo – CJ