မြိတ်ဘက်သွားတဲ့ စစ်ကား ၃ စီး မိုင်းဆွဲခံရ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းကနေ မြိတ်ကိုမောင်းနှင်လာတဲ့ အကြမ်းဖက်ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ ညနေ ၄ နာရီလောက်က တနင်္သာရီမြို့နယ်၊ မော်တုန်းအုပ်စု၊ ကဒဲလိပ်ကျေးရွာနားမှာ ဘုတ်ပြင်းကနေ မြိတ်ကို ထွက်လာတဲ့ စစ်ကား ၃ စီးကို တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့ (TYF) က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
စစ်ကား ၃ စီးမှာ စစ်သား ၆၀ လောက်ပါပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်များနိုင်တယ်လို့ ဒေသခံတွေကပြောကြောင်းသိရပါတယ်။
TYF ရဲဘော်တွေကတော့ မိုင်းဆွဲပြီးနောက် အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း TYF က ထုတ်ပြန်ပါတယ်။