စစ်တပ်ထုတ်ဘီယာရောင်းတဲ့ဆိုင်နဲ့ လောင်းကစားလုပ်တဲ့အိမ်ကိုဝင်စစ်၊ကား၂စီးကို တော်လှန်ရေးအ တွက်သိမ်

ပခုက္ကူမြို့ပေါ်က စစ်တပ်ထုတ်ကုန်ဘီယာရောင်းချတဲ့စားသောက်ဆိုင်နဲ့ လိုင်းကြေးပေးလောင်းကစား လုပ်နေတဲ့ အိမ်တို့ကို PDF တွေက ရှောင်တခင်ဝင်စစ်ကာ ကား၂စီးကိုတော်လှန်ရေးအတွက်သိမ်းယူခဲ့လို့ သိရပါတယ်။
မတ်လ၂၄ရက်နေ့ ညနေ၅နာရီလောက်မှာ ပခုက္ကူမြို့စက်မှုဇုန်(၆)လမ်းရှိ စားသောက်ဆိုင်ကို ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ တားမြစ်စစ်တပ်ထုတ်ကုန် မြန်မာဘီယာနဲ့ဒဂုန်ဘီယာအပါအဝင် တခြားဆက်စပ်ပစ္စည်းတွေ ရောင်းချနေတာကြောင့် အများရှေ့မှာ ဖျက်ဆီးခဲ့ကြောင်း Earthquake People’s Defence Force (UG)၊UG) နဲ့Earthquake People’s Defence Forceတို့က ထုတ်ပြန်ပါတယ်။
အဲဒီဆိုင်ဟာ စစ်တပ်သတင်းပေးလို့ နာမည်ထွက်နေတဲ့ဆိုင်ဖြစ်ကြောင်းလည်း YoungForce (UG) ကထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကို လိုင်းကြေးပေးပြီး လောင်းကစားပြုလုပ်နေတယ်လို့သတင်းရတဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ လောင်းကစား အမှန်တကယ်ပြုလုပ်နေကြောင်း ေတွ့ရှိရပြီး ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ကား(၂)စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
လူတွေကိုတောင် နောက်နောင်အကြမ်းဖက်စစ်အုပ်စုနဲ့ ဘယ်နည်းနဲ့မှ မပတ်သက်ဖို့နဲ့ နောက်နောင်လောင်းကစားဆက်မလုပ်ဖို့ သတိပေးပြီးပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။
ပခုက္ကူမြို့သစ်ရပ်ကွက်နေပြည်သူတစ်ဦးက ‘ဒါက ဘာလဲဆိုတော့ တော်လှန်ရေးရဲဘော်တွေဟာ မြို့ပေါ် အုပ်ချုပ်ရေးအထိ ဝင်လာနိုင်ပြီဆိုတာကို ဖော်ပြလိုက်တာပဲ’လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ကိုယ်ကျိုးမဖက်၊ တော်လှန်ရေးအတွက် အသုံးပြုသွားမယ်လို့ ကတိသစ္စာပြုကြောင်းလည်းဆိုပါတယ်။