လှိုင်သာယာမြို့နယ် ညောင်ရွာမှာ စစ်အုပ်စုခန့် ရာအိမ်မှူးတစ်ဦး အပစ်ခံရ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ညောင်ရွာမှာ အကြမ်းဖက်စစ်အုပ်စုခန့် ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မတ်လ ၂၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်မှာ ညောင်ရွာကျေးရွာရှိ စစ်အုပ်စုခန့် ရာအိမ်မှူးဖြစ်သူ ဦးလှထွန်းဟာ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ ညမထွက်ရအမိန့်ကို လိုက်လံကြေညာနေချိန် Free Tiger Ranger အဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှု ဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက အင်အား ၅၀ ကျော်နဲ့ ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။