ဒီးမော့ဆို စစ်ရှောင်စခန်းတွေမှာ ဖျားနာသူတွေ များနေ

Photo – KNDF
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ အနီးနားဒေသတွေက စစ်ရှောင်ပြည်သူအများအပြား နာမကျန်းဖြစ်နေကြတာကြောင့် သောက်သုံးရေနဲ့ ဆေးဝါးတွေ အဓိက လိုအပ်နေတယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဖျားနာသူတွေထဲမှာ လူကြီး ၊ လူငယ်နဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုတဝိုက် နေရာအနှံနီးပါး တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေ အနေနဲ့ စခန်းနေရာ အမြဲပြောင်းနေရတဲ့အပြင် ရာသီအကူးအပြောင်းကြောင့် အမိုးအကာတွေလည်း အများအပြား လိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်အထိ အကြမ်းဖက် စစ်အုပ်စုက လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင်ခဲ့ပြီး စစ်ရှောင်ပြည်သူ သိန်းကျော်ရှိနေပြီလို့ သိရပါတယ်။