တောထဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပူတာအို ပြည်သူတချို့ နေရပ်ပြန်

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု၊ ကေအိုင်အေနဲ့ PDF တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် (၂) လနီးပါး တောထဲထွက်ပြေးတိမ်းရှောင်နေရာက မနေ့က မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ (၃၂၁) ဦး နေရပ်ကို ပြန်လာနေပြီလို့ Kachinwaves သတင်းဌာနကဖော်ပြထားပါတယ်။
ပြည်သူအချို့ကတော့ တိုက်ပွဲတွေပြန်ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက် ပြန်လာဖို့ အခက်တွေ့နေသေးတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် ဆွမ်ပီယာန်ကျေးရွာ၊ အင်စီယာန်ကျေးရွာနဲ့ လုံရှာယာန်ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။
ကချင် ငြိမ်းချမ်းအကျိုးဆောင်အဖွဲ့ (PCG)၊ မြစ်ကြီးနား ခရစ်ယာန်အသင်း‌တော်များ ကောင်စီအဖွဲ့ (MCC) နဲ့ ကချင် အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) တို့က သက်ဆိုင်ရာအဖွဲ့အစည်းတွေ စုပေါင်းပြီး နေရပ်ပြန်လာနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Source- Kachinwaves