အာဏာရှင်ဟောင်း နေဝင်းမြေးပိုင် Omni Focus ယာဉ်တွေ မီးရှို့ခံရ

ရန်ကုန်တိုင်း အလုံမြို့နယ် သခင်မြပန်းခြံလမ်းမှာ ရပ်ထားတဲ့ အာဏာရှင်ဟောင်း နေဝင်းမြေးပိုင် Omni Focus YBS ၅၆ ယာဉ်တွေကို မတ်လ ၂၃ ရက်နေ့ ည ၈နာရီလောက်မှာ မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ Special Task Agency Of Burma (STA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီးရှို့တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို မသိရသေးဘဲ STA အဖွဲ့သားတွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Special Task Agency Of Burma (STA) အဖွဲ့ဟာ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းအဆုံးသတ်ဖို့ တိုက်ပွဲဆင်နွှဲနေတဲ့ မြို့ပြပျောက်ကြား တပ်ဖွဲ့ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုရဲ့ လက်ပါးစေတွေ ထောက်တိုင်တွေကို ရှင်းလင်းဖျက်ဆီးတာတွေ ဆက်လုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။