အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် ၁၇ အရွယ် အမျိုးသမီးငယ်တဦး သေဆုံ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ထီမူထ အပြင်ကွင်းကလေး ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့မနက် ၆ နာရီခန့်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၁၇ အရွယ် အမျိုးသမီးငယ် တဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
ထိတွေ့တိုက်ပွဲ မရှိပဲ လူနေကျေးရွာပေါ်ကို မနက်မိုးလင်းစ အချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အိမ်ကိုထိမှန်ခဲ့လို့ အခုလို ထိခိုက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
ဒေသခံတွေရဲ့ ယူဆချက်အရ ဒီပစ်ခတ်မှုဟာ မြဝတီမြို့ ၊ သင်္ကန်းညီနောင် အမြှောက်ကုန်းက ပစ်ခတ်တာလို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ မြဝတီနဲ့ ကောကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေ အကြားမှာ ထိတွေ့တိုက်ပွဲတွေ နေရာတော်တော်များများမှာ ဖြစ်ပေါ်နေပြီး အကြမ်းဖက်စစ်တပ်က လူနေကျေးရွာတွေပါမချန် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။