စစ်တပ်ရိက္ခာတင် သင်္ဘော နှစ်စီးကို မြို့လှPDF တိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးရွာအလွန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင် သင်္ဘော ၂ စီးကို မြို့လှPDFတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်လောက်က ကျောက်ကြီးရွာအနီးမှာ ဗိုလ်စနေဦးဆောင်တဲ့ မြို့လှ PDF တပ်က 79 လက်ထောက်တွဲတွေ၊ ကျည်ငယ်တွေနဲ့ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မြို့လှPDF ကသတင်းထုတ်ပြန်ပါတယ်။
အဲဒီရိက္ခာတင် သင်္ဘော ၂ စီးဟာ ဗန်းမော်မြို့ကနေစုန်ဆင်းလာပြီး မတ်လ ၂၂ ရက် က ရွှေကူမြို့မှာ ညအိပ်ရပ်နားခဲ့ပြီးနောက် အောက်ဘက်ကို စုန်ဆင်းထွက်ခွာစဉ် မြို့လှ PDF တပ်ကတိုက်ခိုက်ခဲ့တာပါ။
မြို့လှPDFက ၁၀ မိနစ်လောက် ပစ်ခတ်ခဲ့ပြီး စစ်အုပ်စု သင်္ဘောက လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက် ကျဆုံးမှုရှိနိုင်ပြီး မြို့လှ PDF တပ်ဖွဲ့က အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။