Photo- Google
အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ဝန်ထမ်း ၂၀၀ကျော်ကို အမည်ပျက် စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်ကနေထုတ်ပယ်လိုက်တယ်လို့ NUGအစိုးရက ဒီကနေ့ထုတ်ပြန်ပါတယ်။
ဝန်ထမ်းအဖြစ်ထုတ်ပယ်ခံရတဲ့သူတွေအထဲမှာ ဒုတိယအထွေထွေမန်နေဂျာကစပြီး သန့်ရှင်းရေး၊လုံခြုံရေး၊ ယာဉ်မောင်းနဲ့ရုံးအကူထိ ပါဝင်ကြောင်း NUGအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီ ကနေ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
သူတို့ဟာ တရားမဝင်စစ်အုပ်စု လက်အောက်မှာ ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိနှိပ်၊ ခြိမ်းခြောက်တာ၊ ရာထူးကနေထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပစ်တာ စတဲ့လုပ်ရပ်တွေအပြင် စစ်အုပ်စု ယန္တားရား လည်ပတ်နိုင်ရေးအတွက် ပူးပေါင်းပါဝင် နေတာကြောင့် အခုလို ထုတ်ပယ်တာလို့ ဖော်ပြထားပါတယ်။