ဒီနေ့မနက်ပိုင်း ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျော်ရွာတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်မှ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ ကျော်ရွာကိုရောက်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့၊ ပျူစောထီး စုစုပေါင်းအင်အား ၁၀၀ လောက်နဲ့ KPDF 2 (ကနီတပ်ရင်း၂)၊ TDPDF ၊ KLG PDF၊ ရွှေတြိဂံတပ်ရင်း၊ ရွှေသမင်မုဆိုး၊ မြွေဆိုးနှင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မိနစ်၂၀ ကြာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဝင် ၈ ဦးသေ၊ ၅ ဦးဒဏ်ရာရပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ ဦးကျဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) က ထုတ်ပြန်ပါတယ်။
ထိတွေ့မှုဖြစ်ပွားပြီးနောက် တောင်တွင်းဒေသကျော်ရွာမှာပဲ စစ်အုပ်စုဝင်တွေ ဆက်လက်ရှိနေသေးကြောင်း သိရပါတယ်။