ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ ချောင်းဦးစစ်ရှောင် ၄၀၀ ကျော် အစားအသောက် အဝတ်အစား​တွေ လိုအပ်နေ

အကြမ်းဖက်စစ်အုပ်စု ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့လို့ စစ်ရှောင်နေရတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အတွင်းက စစ်ရှောင်ပြည်သူ ၄၀၀ ကျော် အစားအသောက်နဲ့ အဝတ်အစားတွေလိုအပ်နေတယ်လို့ The 74 Media ကဖော်ပြထားပါတယ်။
အဆိုပါ စစ်ရှောင်တွေဟာ ချောင်းဦးမြို့နယ်အတွင်း ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဝယာကျေးရွာ၊ ယာကြီးကျေးရွာ၊ ရွှေလှေကျေးရွာနဲ့ ဆီပုဂံကျေးရွာတို့ကလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါ ကျေးရွာလေးရွာကို စစ်အုပ်စုက မတ်လ ၃ ရက်နေ့က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာပါ။
Source- The 74 Media