ထောင်တွင်း ရဲဘော်တွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ ရပ်တန့်ပေးဖို့နဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပေးနိုင်ဖို့ နိုင်ငံတကာကြက်ခြေနီအသင်း International Red Cross Society (ICRC) အပါအဝင် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေ ဝိုင်းဝန်းဖိအားပေးဖို့ လက်မှတ် (၂၀၀,၀၀၀) ကျော်လိုအပ်တယ်လို့ LGBT Alliance Myanmar က ဆိုပါတယ်။
မတရား ဖမ်းဆီးခံရဲဘော်တွေ ပေးပို့စာတွေ မီဒီယာသတင်းတွေအရ လက်ရှိအကျဉ်းထောင်တွေအတွင်း ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက် ခံရမှုများစွာရှိနေပြီး အဆိုးဝါးဆုံး ဖြစ်ရပ်ကတော့ လိင်အကြမ်းဖက်မှုတွေ ဖြစ်နေတာပါ။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး ဒီနေ့အထိ စစ်ကောင်စီက မတရား ဖမ်းဆီးထားသော ရဲဘော် (၉၃၉၉) ခန့်ရှိနေပြီလို့ ဆိုပါတယ်။ အဆိုပါ ကမ်ပိန်းကိုLGBT Alliance Myanmar က ဦးဆောင်ပြုလုပ်ပြီး သံတိုင်နောက်က တော်လှန်ရေးရဲဘော်တွေ အသက်ဆက်ဖို့ မျှော်လင့်ချက် အလင်းစတစ်ခုဖြစ်လို့ ကမ်ပိန်းတွင်း ပါဝင်ကြဖို့ နှိုးဆော်ထားတာပါ။