နိုင်ငံပိုင် ပစ္စည်းတွေကို စစ်အုပ်စုနဲ့ပေါင်းပြီး ခိုးမထုတ်ဖို့ သတိပေ

နိုင်ငံပိုင် ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတွေနဲ့ပေါင်းပြီး ခိုးမထုတ်ကြဖို့ ရွှေဘို PDF က သတိ ပေးလိုက်ပါတယ်။
မတ်လ ၂၁ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ စစ်ကိုင်း-မြစ်ကြီးနား အမှတ် ၃ လမ်းပေါ် လုံခြုံရေးကင်းလှည့် နေစဉ် သုံးဘီးကားနှစ်စီးနဲ့ တင်လာတဲ့ ကျွန်းသစ်တစ်တန်ခွဲလောက်ကို တွေ့ရှိတာကြောင့် အများပိုင်အဖြစ် သိမ်းယူလိုက်ကြောင်း ရွှေဘိုPDF က ထုတ်ပြန်ပါတယ်။
ရွှေဘိုမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘တချို့သူတွေရဲ့ ပြဿနာက စစ်ခွေးတွေကို မုန်းတယ်ဆိုပေမဲ့ ကိုယ်ကျိုးအတွက် ပေါင်းစားမယ်ဆိုတဲ့ လူတွေက သီးသန့်ရှိနေတယ်’ လို့ ဆိုပါတယ်။
ရွှေဘို PDF က မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းနဲ့ စစ်ကိုင်း-မြစ်ကြီးနားလမ်းပေါ် ည ၈ နာရီကနေ မနက် ၅ နာရီအထိ ကားတွေဖြတ်သန်းခွင့်မပြုဘူးလို့ ထုတ်ပြန်သလို ကျန်အချိန်တွေမှာ ပြည်သူတွေအနေနဲ့ ကားမှန်ချ မောင်းဖို့၊ ဘယ်လိုလောင်းကစားဝိုင်းတွေကိုမဆို မပြုလုပ်ဖို့၊ စစ်အုပ်စုထုတ်ကုန်မှန်သမျှကို ရောင်းချခြင်းမပြုဖို့နဲ့ မလိုက်နာပါက မလိုက်နာသူရဲ့ တာဝန်သာဖြစ်လိမ့်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။