စစ်တပ်သတင်းပေးလို့ အများက သတ်မှတ်ထားသူတစ်ဉီး အပစ်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ၊ကျုံမရေ ကျေးရွာက စစ်တပ်သတင်းပေးလို့ အများက သတ်မှတ်ထားသူတစ်ဦး သေနတ်နဲ့ အပစ်ခံရကြောင်း သိရပါတယ်။
ယမန်နေ့ည ၆ နာရီခွဲလောက်မှာ စစ်တပ်သတင်းပေးလို့အများကသတ်မှတ်ထားတဲ့ ကျော်ဝေဆိုသူကို အမည်မသိအဖွဲ့က သေနတ်နဲ့ တစ်ချက်ပစ်ခတ်ခဲ့ရာ လည်ပင်းကိုထိမှန်ပြီး ခရမ်းဆေးရုံပေါ် ရောက်နေတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
သူဟာ ကျုံမရေရွာက လူငယ်တွေကို စစ်တပ်ထံသတင်းပေးပြီး ဖမ်းခိုင်းခဲ့တယ်လို့ ရွာခံတစ်ဦးကပြောကြောင်း ခရမ်းချန်နယ်က ဖော်ပြပါတယ်။