မကွေးတိုင်း၊ပခုက္ကူမြို့ လေယာဉ်ကွင်းအနီးမှာ စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ၂၀ရက်၊နေ့ခင်း ၁၂နာရီမိနစ်၄၀လောက်က ပခုက္ကူ- ရေစကြို လမ်းပိုင်းကနေ ပခုက္ကူကို ပြန်လာတဲ့စစ်ကားတစ်စီးကို ပခုက္ကူ လေယာဉ်ကွင်းအနီးအရောက် Pakokku North PDF နဲ့Southern YSO PDF ပူးပေါင်း မဟာမိတ်တို့က ပဒေသာ မိုင်း ၈ လုံး နဲ့ တိုက်ခိုက်ခဲ့ရာ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ သတင်းပေးပို့ချက်အရ ၅ဦး ပွဲချင်းပြီး သေပြီး ၂ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ Pakokku North PDFက ထုတ်ပြန်ပါတယ်။
ပခုက္ကူ ၆ရပ်ကွက်နေပြည်သူတစ်ဦးက ‘နေ့ခင်းကတည်းက ခွေးတွေ မြို့ထဲမှာ ယောက်ယက်ခတ်နေ တယ်။ သူတို့အထိနာပြီဆို ထုံးစံအတိုင်းတောင်စစ်မြောက်စစ် လူပါးဝပေါ့။စစ်ခွေးတွေမိုင်းထိပြီးသေတယ်လို့ ကြားတယ်’လို့ ဆိုပါတယ်။