ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ပျူစောထီး သင်တန်းဆင်း ရာအိမ်မှူး တစ်ဦးကို သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်က ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ ပျူစောထီး သင်တန်းဆင်း ရာအိမ်မှူး ထွေးသိန်းကို ယမန်နေ့ မနက်ပိုင်း ၁၀ နာရီ ၄၆ မိနစ်လောက်မှာ သန်လျင်ပကဖက ကျည် ၆ တောင့်နဲ့ ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။
သူဟာ စစ်တပ်သတင်းပေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူဖြစ်တဲ့အပြင် ရပ်ကွက်တွင်းအမျိုးသမီး ငယ်တွေရှေ့ မဖွယ်မရာ ပြုလုပ်တာတွေလည်းရှိကြောင်း သန်လျင်ပကဖ တာဝန်ရှိသူတွေက ပြောတယ်လို့ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
သန်လျင်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ စီးပွားရေးပစ်မှတ်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့လည်း သန်လျင် ပကဖက ဆိုပါတယ်။