
စင်ကာပူ အခြေစိုက် DJ အဖွဲ့ Rave Republic ဟာအကြမ်းဖက်စစ်အုပ်စု ဦးဆောင်ပြုလုပ်မယ့် နေပြည်တော် သင်္ကြန်ပွဲကို လာရောက် ဖျော်ဖြေဖို့ ကမ်းလှမ်းခံထားရပေမယ့် မြန်မာပြည်သူတွေ ကန့်ကွက်ကြတာကြောင့် ပြန်လည် ဖျက်သိမ်းလိုက်တယ်လို့ သူတို့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် ကြေညာခဲ့တာပါ။

Photo – Social Media 

Rave Republic အဖွဲ့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေကို ကောင်းစွာ မသိရှိခဲ့တာကြောင့် သက်ြန်ပွဲ ဖျော်ဖြေဖို့ လက်ခံခဲ့မိပြီး မြန်မာနိုင်ငံသားတွေ ပေးပို့လာတဲ့ မက်ဆေ့ချ် အီးမေးလ်နဲ့မှတ်ချက်တွေကြောင့် အခုလို အစီအစဉ် ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
Rave Republic အဖွဲ့ဟာ DJ မဂ္ဂဇင်း အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် ၈၆ ရထားတဲ့ DJ အဖွဲ့ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လာမယ့် သင်္ကြန် စည်ကားစေဖို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေမှာ ပွဲတော်တွေ ဆင်နွှဲနိုင်ဖို့ ကြိုးပမ်းနေတာပါ။
