စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ငပယင်းမှာရှိတဲ့ ပြောက်ကျားတပ်ဖွဲ့ ကင်းစခန်းကို မီးရှို့တိုက်ခိုက်ပြီး အပြန်မှာ အကြမ်းဖက်စစ်သားတွေ ဆက်တိုက်မိုင်းဆွဲခံရကာ အသေအပျောက် များနိုင်တယ်လို့ သိရပါတယ်။
မတ်လ ၁၉ ရက် နေ့မနက် ၃ နာရီမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ငပယင်းရှိ မဟာမိတ်ကင်းစခန်းကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်ဖက်စစ်တပ် ယာဉ်တန်းကို နတ်ဆိုး-တောကျီးကန်း-ယမ်းဘီလူး ပြောက်ကျားညီနောင်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးခဲ့ကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ မဟူရာနတ်ဆိုးက ဒီကနေ့ထုတ်ပြန်ပါတယ်။
အဲဒီနောက်မနက် ၄ နာရီခွဲလောက်မှာ ဘုန်းကြီးလမ်းခွဲမှာ ဆက်လက်မိုင်းဆွဲခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေပြီးဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း ဆက်လက်ပြီး ဘုတလင်မြောက်လမ်းတလျှောက် တပ်ဆင်ထားတဲ့ မိုင်းတွေနဲ့ ဆက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဘုတလင်ကနေ တောင်ဘက်ကိုရောက်တဲ့အခါ တခြားရဲဘော်တွေက တိုက်ခိုက်ခဲ့ရာ အသေအပျောက်များခဲ့ကြောင်း မဟူရာနတ်ဆိုးက ထုတ်ပြန်ပါတယ်။
ညပိုင်း ၈ နာရီလောက်မှာ အကြမ်းဖက်စစ်တပ် ကင်းပုန်းဝပ်ရာနေရာကို လက်နက်ကြီးနဲ့ ဆယ်ချက်တိုက်ခိုက်ခဲ့ပြီးနောက် အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငပယင်းက ပြောက်ကျားကင်းစခန်းကို တိုက်ခိုက်ခံရစဉ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ကင်းသမားတစ်ဦး ကျဆုံးခဲ့ပါတယ်။
မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၁၀၀ လောက်နဲ့ ငပယင်းက ထွက်လာတဲ့ စစ်သားတချို့ဟာ ဘုတလင်တောင်ဘက် ကံသစ်ရွာမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။