ရွှေပြည်သာ ရဲစခန်းနဲ့ စစ်တပ်စခန်းချ မြို့နယ်ခန်းမတို့ကို လောင်ချာနဲ့ ပစ်ခတ်

ရန်ကုန်မြို့၊ ရဲစခန်းနဲ့ စစ်အုပ်စု တပ်စွဲထားတဲ့ မြို့နယ်ခန်းမတို့ကို ရန်ကုန်မြို့ပြပျောက်ကျား တပ်ဖွဲ့တွေက လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၉ ရက် ည ၇ နာရီမှာ People’s Force နဲ့ Spring Brother Force ပူးပေါင်းတပ်ဖွဲ့တွေဟာ ရွှေပြည်သာမြို့နယ်ရဲစခန်းကို ၄၀ မမ ဖြင့် တစ်ကြိမ်အယောင်ပြ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် မြို့ပြပျောက်ကျားတွေက စစ်အုပ်စုတွေ တပ်စွဲထားတဲ့ ရွှေပြည်သာ မြို့နယ်ခန်းမကို ၄၀ မမ နဲ့ နှစ်ကြိမ် ဗျူဟာကျကျ ရွေးချယ်ပစ်ခတ် တိုကိခိုက်ခဲ့တယ်လို့ People’s Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သား ဘယ်လောက်ရှိသလဲ ဆိုတာကို ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။
အဲဒီစစ်ဆင်ရေးမှာ အထူးလေ့ကျင့်ထားတဲ့ မြို့ပျောက်ကျားအဖွဲ့တွေလည်း ပါဝင်ပြီး အထူးလေ့ကျင့်ထားတဲ့ ပျောက်ကျားအဖွဲ့တွေက ရန်ကုန်မြို့နဲ့ နိုင်ငံတစ်ဝန်းမှာ ဗျူဟာကျကျ တိုက်ခိုက်မှုတွေ အရှိန်မြှင့်ဆက်လက်ပြုလုပ်ကာ ပြည်သူ့အာဏာ ပြန်လည်ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။