မျက်နှာရူးမင်းအောင်လှိုင်နဲ့ကျရှုံးနိုင်ငံ

ဒီနေ့မနက် လူမှုကွန်ရက်ပေါ် လှန်လှောကြည့်ရင်း ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ မတ်လ ၁၇ရက်နေ့မိန့်ခွန်းကိုတွေ့လို့ ဖတ်ကြည့်မိ။ ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ ပထမပိုင်းမှာပြောကြားခဲ့တဲ့ မိန့်ခွန်းလို့သိရတယ်။

အဲဒီမိန့်ခွန်းထဲမှာ ကျနော့်အတွက်ထူးခြားတဲ့အကြောင်းအရာဘာပါသလဲဆိုတော့ NLDအစိုးရလက် ထက် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းကနေ လွတ်မြောက်ဖို့ ကုလသတ်မှတ်စံနှုန်း၃ရပ်နဲ့ ပထမဆုံးအကြိမ် ပြည့်မီခဲ့တဲ့အကြောင်းပါ။ဒီလိုပြည့်မီမှုဟာ ၁၉၈၇ခုနှစ်၊ ပထမအာဏာရှင်နေဝင်း နေဝင်ခါနီးအချိန် ကမ္ဘာ့အ ဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ပြီးနောက် ပထမဆုံးအကြိမ် စံ၃ရပ်နဲ့ ပြည့်မီခြင်းလို့ သံအမတ်ကြီးရဲ့မိန့်ခွန်းအရ သိ ရတယ်။

ပြောရမယ်ဆိုရင် အဆင်းရဲဆုံးနိုင်ငံစာရင်းကနေ လွတ်ဖို့ လမ်းကြောင်းပေါ်ရောက်နေပြီဆိုတဲ့သ ဘော။တကယ်လို့ ၂၀၂၁မှာ မင်းအောင်လှိုင်အာဏာမသိမ်းဘဲ ပြည်သူ့ရွေးကောက်မှုအတိုင်း NLDသာအစိုးရ ဆက်ဖြစ်နေမယ်ဆိုရင် အဆင်းရဲဆုံးနိုင်ငံစာရင်းကနေ ကျိန်းသေပေါက်လွတ်မြောက်နိုင်ခြေရှိတဲ့သဘော။ဒါ တောင်NLDအစိုးရရဲ့ ၅နှစ်တာခရီးဟာ စစ်အုပ်စုရဲ့ အလစ်အငိုက် ခြေထိုးခံအကွက်တွေကြားဖြတ်သန်း ခဲ့ရသလို အခြေခံဥပဒေကန့်သတ်ချက်အရ ကိုယ့်စိတ်တိုင်းကျ တိုင်းပြည်ကိုစီမံခန့်ခွဲခွင့်မရှိခဲ့တဲ့ကြားထဲက ပြည်သူ့အားနဲ့ ရအောင်ရှေ့ဆက်ခဲ့ရတာဆိုတော့ စစ်တစ်ပိုင်းမပါဘဲ တင်းတင်းပြည့်ဒီမိုကရေစီနဲ့သာဆိုရင်…. လို့ စိတ်ကူးယဉ်မိလိုက်သေး။ရင်နာစရာကောင်းတဲ့ ကိုယ့်မြန်မာလို့ ရေရွတ်ရမလား။

အာဏာရှင်တွေရဲ့ တိုင်းပြည်အပေါ် ဒုက္ခပေးချက်များပြောပါတယ်။လွတ်လပ်ရေးရပြီးတဲ့ပါလီမန် ခေတ်မှာ ပြည်တွင်းစစ်မီးက ဟုန်းဟုန်းတောက်နေတာတောင် တိုင်းပြည်စီးပွားရေးက အာဆီယံနိုင်ငံတွင်း ထိပ်တန်းအဆင့်မှာ ရှိခဲ့ရာကနေ ၁၉၆၂ခုနှစ် အာဏာသိမ်းပြီး ၂၅နှစ်အကြာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ခဲ့ရတယ်။

၁၉၆၂ဇူလိုင်၄ရက်၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊အမြုတေပါတီအဖြစ် စတင်ဖွဲ့စည်းတာမှ ဘာမှမ ကြာ ၁၉၆၃ခုနှစ်ဇန်နဝါရီမှာ ပွဲဦးထွက်အဖြစ် ဘီအိုစီရေနံလုပ်ငန်းကို ပြည်သူပိုင်သိမ်း။နောက်တစ်ဆင့် ၁၉၆၃ ခုနှစ်၊ဖေဖေါ်ဝါရီမှာဘဏ်လုပ်ငန်းကြီး၃၁ခုကို နောက်ထပ်ပြည်သူပိုင်သိမ်း၊အဲဒီဘဏ်တွေထဲ ကမြန်မာ နိုင်ငံ သား ပိုင်ဘဏ်၁၇ခုကို လျော်ကြေးတစ်ပြားမှမပေးဘဲ ပြည်သူပိုင်သိမ်းခဲ့။၁၉၆၄ခုနှစ်ဧပြီ၉ရက် နေ့ရောက် တော့ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးပြည်သူပိုင်သိမ်းပွဲကြီးအဖြစ် လုပ်ငန်းကြီးတွေကို ဗိုလ်မှူးတွေ ကကွပ်ကဲ၊ အ လတ် စားလုပ်ငန်းတွေကိုဗိုလ်ကြီးနဲ့ အငယ်စားကို တပ်ကြပ်ကြီးတွေက ဦးဆောင်ပြီး လက်လီ ဆိုင်လေး တွေကအစ ပြည်သူပိုင်သိမ်းကာ တိုင်းပြည်ကို မွဲဆေးစဖော်ခဲ့တယ်။

နောက်ပြီး ၁၉၆၄ခုနှစ်မေလမှာ ကျပ်တစ်ရာတန်နဲ့ ၅၀တန်ကို တရားမဝင်ကြောင်း ကြေညာ၊၁၉၈၅ခု နှစ်နို ဝင် ဘာမှာကျပ်၁၀၀တန်ကို တရားမဝင်ကြောင်းကြေညာ၊ထပ်ပြီး ၁၉၈၇ခုနှစ်စက်တင်ဘာမှာ ၂၅ကျပ် တန်၊၃၅ကျပ်တန်နဲ့၇၅ကျပ်တန်တို့တရားမဝင်ကြောင်းကြေညာခြင်းဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သေ နတ်အားကိုးနဲ့ ဗြောင်ကျကျလုယက်ကာ ပြည်သူကိုမညှာမတာမွဲအောင်လုပ်လိုက်ခြင်းပါပဲ။

ဘယ်လောက်ပဲ အစိုးရက ပြည်သူပိုက်ဆံကို အထုပ်အထည်နဲ့ပိုက်မိအောင် လုယက်ခဲ့ပေမဲ့ငါ တကောစီမံအုပ်ချုပ်မှုကိုသာ တတ်တဲ့ စစ်အစိုးရအတွက် ဇောက်ထိုးဆင်းနေတဲ့တိုင်းပြည်စီးပွားကို လက်ညှိုးထိုးခိုင်းစေမန်းမှုတ်ရုံကလွဲ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ဌာန ဆိုင်ရာပေါင်းစုံရဲ့ ဦးစီးဦး ဆောင်ရာ ထူးအဆင့်ဆင့်နေရာတွေမှာ စစ်တပ်အရာရှိတွေကိုထိုးသွင်း ထားကာ တစ်တိုင်းပြည်လုံးရဲ့ စီမံခန့်ခွဲ မှုနေ ရာအားလုံးကို စစ်တပ်က ကိုင်တွယ်ခဲ့တယ်။ ၁၉၈၇ခုနှစ်ရောက်တဲ့ အခါ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ် ခဲ့လေတော့ စစ်သားတွေရဲ့ တိုင်းပြည်အုပ်ချုပ်မှုက ဘယ်လောက်ထိလက်ရာမြောက်ကြောင်းပေါ်လွင်ခဲ့ တယ်။

တိုင်းပြည်သာမွဲသွားခဲ့တာ၊နေဝင်းကိုယ်တိုင် သေခါနီးအချိန် အကျယ်ချုပ်ဘဝနဲ့ သူ့မြေးတွေက ထောင်ထဲရောက်သွားခဲ့ပေမဲ့ ဒီနေ့အချိန်ထိ နေဝင်းမြေးတွေ တစ်သက်တာလက်ကြောတစ်ချက်တင်းစရာမ လိုဘဲ စည်းစိမ်ပုံကြီးပေါ် ထင်ရာစိုင်းနေခဲ့တာအားလုံးမျက်မြင်ပါပဲ။

စစ်တပ်ဟာ သူတို့ထင်ရစိုင်းခဲ့သမျှ ပြည်သူက ဒဏ်ခတ်မှာ အကြောက်ကြီးကြောက်ရတာရော တိုင်း ပြည်အာဏာကို သူတို့သာ ရသင့်ရထိုက်တယ်လို့ ထင်မှတ်ရူးတာကြောင့်ပါ အာဏာကို လက်နက်အားကိုးနဲ့ အရှက်အကြောက်ကင်းစွာထပ်သိမ်းပိုက်ခဲ့တာပါ။ပြီးတော့ သူတို့ကိုယ်သူတို့ ဘာမဆို လုပ်တတ်တယ်လို့ အတည် ပေါက်ဘဝင်ရူးရူးတာကလည်း အရူးကို အမဲသားကျွေးခဲ့မိသလိုပါပဲ။

ဒုတိယအာဏာရှင် သန်းရွှေလက်ထက်ရောက်တော့ ပြည်ပနဲ့ စီးပွားရေးဈေးကွက်ချိတ်ဆက်လာခြင်း နဲ့အတူ အာဏာနဲ့သိုက်တူးခြင်းအလေ့ဟာလည်း စစ်တပ်တွင်းယဉ်ကျေးမှုတစ်ရပ်လို ဖောက်ပြားခဲ့ကြတယ်။ နေဝင်းလက်ထက်တုန်းက အဂတိလိုက်စားခြင်းအမှုကို သူတစ်ဦးတည်းသာ အလွန်အကျွံကျင့်ကြံခဲ့သ လောက် သန်းရွှေလက်ထက်မှာ အဂတိလိုက်စားမှုကိုအာဏာရှိသူတိုင်းလုပ်ခွင့်ရှိတဲ့ ပွဲတော်တစ်ရပ်ပမာ တစ် တိုင်းပြည်လုံးကို ဖျက်ဆီးပစ်ခဲ့တယ်။

အာဏာကြီးရင်ကြီးသလို ဘဝပေါင်းလေး၊ငါးဆယ် ထိုင်ဖြုန်းလိုမကုန်နိုင်တဲ့ မတရားစည်းစိမ်တွေ ကို ရရှိခဲ့ကြတယ်။အဲဒီလိုအာဏာနဲ့သိုက်တူးခွင့်ရတာကိုလည်း တိုင်းပြည်အပေါ် အသက်ပေးကာကွယ်ခဲ့တဲ့စစ် တပ်ဖြစ်ခြင်းကြောင့် ဒီလိုအခွင့်ထူးမျိုး တရားသဖြင့်ရရှိတာလို့ သူတို့ကိုယ်သူတို့ ယုံအောင်အခါခါရေရွတ်လေ့ ရှိတယ်။

ကွမ်းလေးတမြုံ့မြုံ့နဲ့ တိုင်းပြည်ချောက်ထဲရောက်ရုံတင်မက စာရိတ္တရေးရာကိုပါ ဖျက်ဆီးခဲ့တဲ့ သန်း ရွှေဟာ အာဏာရှင်တို့ရဲ့ထုံးစံအတိုင်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်ပဲ တိုင်းပြည်ပြာလူးနေ သလို အသံကောင်းဟစ်ခဲ့တယ်။

သန်းရွှေရဲ့ အာဏာနဲ့သိုက်တူးပြီး ကြွယ်ဝချမ်းသာမှုကို ဘယ်ရွေ့ဘယ်မျှရှိကြောင်းအခိုင်အမာမပြော နိုင်သေးပေမဲ့ သူ့အရင်ပထမအာဏာရှင် နေဝင်းထက်များစွာသာတာကတော့ သေချာတယ်။ပြောရရင် အာ ဏာရှင်နောက်တစ်ဆက်ဟာ ကိုယ့်အတွက်ကိုယ်ကြည့်ပြီးတိုင်းပြည်ကိုဒုက္ခပေးတဲ့နေရာမှာ အသေအချာသာ ခဲ့တယ်။

အခုသန်းရွှေ ပြီးတော့ တတိယအာဏာရှင်ဖြစ်ဖို့ ကြိုးစားနေဆဲဖြစ်တဲ့ မင်းအောင်လှိုင်ကရော ဘယ် လိုလဲ။နုံချာခြင်းနဲ့ဘဝင်မြင့်တဲ့အရာမှာ သူ့ဆရာသန်းရွှေလိုက်လို့မမီတာ သေချာတယ်။မင်းအောင်လှိုင်ရဲ့သန်း ရွှေနဲ့ကွဲပြားမှုက မင်းအောင်လှိုင်ဟာ မျက်နှာရူးရတာ သိပ်ဝါသနာပါပုံပါ။တစ်ချိန်တုန်းက စောမောင်လို မိန့်ခွန်းတွေပြော၊လက် ချာတွေရိုက်ရမှာ ဝါသနာကြီးရုံတင်မက မျက်နှာလည်းရူးလေတော့ ဒီလောက်နေ့စဉ် ပြည်သူတွေဆဲ ဆိုခြင်း ကိုခံနေရတာတောင်မချိုမချဉ်မျက်နှာပေးနဲ့ ပြည်သူကိုမိန့်ခွန်းပြောလိုက် ပါသေး တယ်။

ပြီးတော့ လျှပ်စစ်ရထားတွေ မြေအောက်ရထားတွေ၊ဌက်ပျောသီးစိုက်ခိုင်းတာတွေနဲ့ ထင်မိထင်ရာ တောင်ရောက်မြောက်ရောက်တွေနဲ့ တိုင်းပြည်စီးပွားရေးဟာလည်း ၅နှစ်တာNLD တည်ဆောက်ခဲ့သမျှ အာဏာသိမ်းပြီး၆လမပြည့်ခင်မှာပဲ အဖတ်ဆယ်မရရုံ တင်မက ကျရှုံးနိုင်ငံဘဝကို သွက်သွက်ကြီး ပြေး ခဲ့တယ်။

ပထမအာဏာရှင်နေဝင်းက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် တွန်းပို့ခဲ့ပြီးနောက် အာဏာရှင်ပေါက်စ မင်းအောင်လှိုင်က အာဏာရှင်မျိုးဆက်ပီပီ ကျရှုံးနိုင်ငံအဖြစ်ဆီ ထပ်တွန်းပို့နေခြင်းဖြစ်တယ်။နေဝင်း၊သန်းရွှေ နဲ့မင်းအောင်လှိုင် သူတို့ရဲ့အကျွမ်းကျင်ဆုံးပညာရပ်က ကိုယ့်အတွက်ကိုယ်အာဏာနဲ့သိုက်တူးခြင်း အတတ် ဖြစ်ပြီး ဆရာထက်တပည့်လက်စောင်းထက်ခဲ့ကြတယ်။

တိုင်းပြည်က သာ မွဲ သထက်မွဲနေလေပေမဲ့ မင်း အောင်လှိုင်ရဲ့ကြွယ်ဝချမ်းသာမှုကတော့ အခုတတိ ယ အာဏာရှင်မဖြစ်သေး တဲ့ အနေအထားမှာပင်သူ့ဆရာသန်းရွှေထက်တောင် ပိုနေပြီဆို တဲ့ အပြောအဆို တွေရှိလာသလို တိုင်းပြည်ဘာဖြစ်ဖြစ် နောက်အနှစ်၂၀လောက်ကြာ အာဏာကို ကျစ်ကျစ်ပါဆုပ်ကိုင်ထား နိုင်ရေးဟာ မင်းအောင်လှိုင်ရဲ့နောက်မဆုတ်စတမ်းမဟာရည်မှန်းချက်ဖြစ်တယ်။

ဒါ့ကြောင့်မြန်မာပြည်သူတို့အတွက် ဆုတ်လမ်းမရှိ တစ်ခုတည်းသောရွေးချယ်စရာက နွေဦးတော် လှန် ရေး အောင်ကို အောင်ရမယ်ဆိုတာပဲ။ပြည်သူတွေအတွက်ဒီတစ်ပွဲဟာ ဒီတစ်လမ်းတည်းပါပဲ။

ကိုးကား-ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ(ကြေးမုံဦးသောင်း-အောင်ဗလ)

လင်းခေတ်