သန်လျင်ထွေအုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့၊ ဦးအောင်ဇေယျလမ်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး သုံးထပ်တိုက်ကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၇ရက်နေ့ ညဦးပိုင်းကဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထွေအုပ်ရုံးအတွင်းရှိ ဒုဦးစီးမှူးရဲ့ ဖခင်လန့်ဖြန့်ကာ သေဆုံးသွားကြောင်း ပကဖ တာဝန်ရှိသူကပြောတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန် နယ်ကဖော်ပြပါတယ်။
ဗုံးပေါက်ကွဲသံ ကျယ်လောင်ပြီး ထွေအုပ်သုံးထပ်တိုက်မှာ ငိုကြွေးသံတွေလည်း ကြားရကြောင်း ဒေသသတင်းရင်းမြစ်တွေကိုကိုးကားပြီး ခရမ်းချန်နယ်ကဆိုပါတယ်။