ဖမ်းဆီးခံတောင်ဒဂုံ လူငယ်၂ဦးနဲ့ အဆက်အသွယ်မရ

ဖမ်းဆီးခံထားရတဲ့ ​တောင်ဒဂုံသပိတ်အင်အားစုအဖွဲ့ဝင် လူငယ်နှစ်ဦး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့သိရပါတယ်။
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်က ဆန္ဒပြမြေပြင် သပိတ်အဖွဲ့ဝင် လူငယ် နှစ်ဦးဟာ မတ် ၁၆ရက်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။ အဲဒီလူငယ်နှစ်ဦးဟာ ကိုမင်းဟိန်းခန့်နဲ့ မပိုးဇာအောင်တို့ ဖြစ်ပြီး သူတို့နှစ်ဦးဟာ တော်လှန်သွေးမကုန်တောင်ဒဂုံအင်အားစုရဲ့အဖွဲ့ဝင် တွေဖြစ်တယ်လို့ သိရပါတယ်။
မတ် ၁၆ရက်မှာ သူတို့နှစ်ဦးကို စစ်အုပ်စုတွေ ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရနှစ်ဦးဟာ အသက်မပြည့်သေးတဲ့သူတွေလို့ သိရပါတယ်။