အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ် အဝေးပြေးလမ်းမတခုမှာ မတ်လ ၁၇ရက်နေ့ မနက်ပိုင်းက ကား အစီးရေ ၁၀၀ကျော်ပါဝင်တဲ့ အစုလိုက်အပြုံလိုက် ယာဉ်မတော်တဆမှုကြောင့် လူ ၆ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီဧရိယာမှာ မြူဆိုင်းနေတဲ့ အခြေအနေကြောင့် ယာဉ်မောင်းတစ်ဦးဟာ ဘရိတ်ကို တိုက်မိပြီးနောက် အခုလို မတော်တဆဖြစ်ခဲ့တာလို့ ဆိုပါတယ်။
မနက်ပိုင်းအချိန်မှာ အနည်းဆုံးပေ ၅၀လောက်ကို သေချာမမြင်ရဘူး မြူတွေဆိုင်းနေတာ ၊ ဒီယာဉ်တိုက်မှုမှာ ကားအစီးရေ ၁၃၅ စီးကျော် ပါဝင်ခဲ့တယ်လို့ ပြည်သူ့ဘေးကင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Robert Hearnes က ပြောပါတယ်။
ဒဏ်ရာရသူတွေကိုလည်း အခင်းဖြစ်တဲ့နေရာမှာပဲ ကုသပေးနေပြီး ပြင်းထန်သူတွေကိုတော့ နီးစပ်ရာဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ကြပါတယ်။