ခင်ဦးမှာ အကြမ်းဖက်စစ်အုပ်စုက လူနေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

စစ်ကားသုံးစီးပါဝင်တဲ့အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကုလားလူးကျေးရွာနဲ့ ရှားလွင်ကျေးရွာတွေက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀၀ ကျော်ခန့်ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ရွာကနေ ဒေသခံပြည်သူ ၁၃၀၀ လောက်ဟာ ဘေးလွတ်ရာ နေရာတွေကို နွားလည်းတွေနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။
ကုလားလူးကျေးရွာက နေအိမ် ၇၅ အိမ်၊ ရှာလွင်ကျေးရွာက နေအိမ် ၆၃ အိမ်တို့ မီးရှို့ဖျက်ဆီးခံခဲ့ ရတာပါ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မတ်လအတွင်း အကြမ်းဖက်စစ်တပ်က နေအိမ် ၃၀၀ ကျော်ခန့်မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်ပြည်သူ ၂၀၀၀ ခန့်ရှိနေပြီလို့သိရပါတယ်။