ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းမှာ ခရီးသည်တင်ကား ၂ စီးပစ်ခံရ ကားစပါယ်ယာတစ်ဦး သေဆုံ

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်း အဝေးပြေးလမ်းမကြီးပေါ်မှာ မတ်လ ၁၆ ရက်နေ့က ခရီးတင်ယာဥ် မှန်လုံကားနှစ်စီးပစ်ခံရပြီး ကားစပယ်ယာတစ်ဦး သေဆုံးသွားတယ်လို့ KNG သတင်းဌာနက ဖော်ပြထားပါတယ်။
မနော်မန္တလာနှင့် သစ္စာလှိုင် ခရီးသည်တင်ကား ၂ စီးဖြစ်ပြီး မန္တလေးကနေ မြစ်ကြီးနားကို တက်လာစဥ် ဘန့်ဘလူမြို့ အဝင်မှာ ပစ်ခတ်ခံရတာလို့ သိရပါတယ်။
”စပယ်ယာတစ်ယောက် ဆုံးသွားတယ်။ တခြားခရီးသည်တွေတော့ ထိခိုက်တာ မရှိဘူး။ ယာဥ်မယ်တစ်ယောက်တော့ ထိတယ်။ သူ့ကိုလည်း မန္တလေးခေါ်သွားပြီး ဆေးရုံမှာ ခွဲစိတ်ကုသနေတယ်။ မနက် မိုးမလင်းခင် ၂ နာရီကျော်ကျော်ဆိုတော့ ဘယ်အဖွဲ့အစည်းက ဆိုတာမသိရဘူး” လို့ ဆိုပါတယ်။
အခုလို ခရီးသည်တင်ကားများ ပစ်ခံရမှုကြောင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို ပိတ်ထားမှာ မဟုတ်ပဲ ပုံမှန်အတိုင်းသွားလာ ခွင့်ပြုထားဆဲလို့ သိရပါတယ်။
Source- Kachin News Group