ပီရူးမြေပြိုမှု အိမ်အလုံး ၆၀ကျော် ပျက်စီး ၊ လူအယောက် ၂၀ထက်မနည်း ပျောက်ဆုံးနေ

Photo – AFP

ပီရူးနိုင်ငံ ရီတာမက်စ်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြေပြိုမှုဖြစ်လို့ နေအိမ်ဒါဇင်ချီ ဖုံးလွှမ်းသွားခဲ့ပြီး လူအယောက် ၂၀ ထက်မနည်း ပိတ်မိနေတယ်လို့ အာဏာပိုင်‌တွေက ပြောပါတယ်။

မတ်လ ၁၄ရက်နေ့ ဒေသစံတော်ချိန် မနက် ၈နာရီခွဲလောက်မှာ တောင်ကုန်းတခုကနေ မြေပြိုကျလာပြီး အိမ်တွေပေါ်ဖုံးလွှမ်းသွားတဲ့ ရုပ်သံဖိုင်တခုဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပါတယ်။

မြေပြိုမှုကြောင့် နေအိမ်အလုံး ၆၀ကနေ ၈၀အထိ ပျက်စီးသွားခဲ့ပြီး လူ ၁၅ယောက်ကနေ ၂၀လောက်အထိ ပျောက်ဆုံးနေတယ်လို့ ခန့်မှန်းထားကြောင့း ကာကွယ်ရေးဝန်ကြီး ဂျို့စ် ဂါဗီဒီယာက ပြောပါတယ်။

ပျောက်ဆုံးတဲ့ထဲမှာ ကလေးငယ် ၃ယောက်လည်းပါတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အခင်းဖြစ်တဲ့နေရာကို ပိတ်ထားပြီး  ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကာ အဲဒီနေရာမှာ နောက်ထပ်မြေပြိုမှုထပ်ဖြစ်နိုင်တဲ့အန္တရာယ်ကိုလည်း သတိပေးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။