ဗန်းမော်ခရိုင်ကျေးရွာတချို့က အုပ်ချုပ်ရေးဝန်ထမ်းတွေ နှုတ်ထွက်ကြဖို့ ရွှေကူPDF သတိပေး

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်အတွင်းရှိ စင်းခန်းတိုက်နယ်နဲ့မံစီမြို့နယ်အတွင်းရှိ ကျေးရွာတွေက ရပ်ကျေး အုပ်ချုပ်ရေးဝန်ထမ်းတွေ နှုတ်ထွက်ကြဖို့ ရွှေကူPDFက သတိပေးလိုက်ပါတယ်။

စင်းခန်းတိုက်နယ်အတွင်းရှိစင်းခန်း၊ရွာသာယာနဲ့ဂဲမနိုင်၊မံစီမြို့နယ်အတွင်းရှိ နမ့်သဲ၊နမ့်အူကြီး၊ဖြုတ်ကိုက်၊ပန့် သိုင်း၊မုန်းတိမ်ပါ၊မခေါ်ယမ်၊ကောင်ဂျာ၊သံတံတား၊မလင်နဲ့ စီကော်ရွာတို့က အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးဝန် ထမ်းတွေအနေနဲ့ မတ်လ၂၂ရက်နေ့ နောက်ဆုံးထားနှုတ်ထွက်ကြဖို့ ရွှေကူPDF က သတိပေးချက် ထုတ်ပြန်ပါ တယ်။

ဒါ့အပြင် မဘိမ်းမြို့နယ်၊ငါးအိုးတိုက်နယ်အတွင်းနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ တွေနဲ့ လောင်းကစားဝိုင်းတွေအားလုံး ချက်ချင်းရပ်ကြဖို့နဲ့ မလိုက်နာပါက ပြင်းပြင်းထန်ထန်အရးယူသွားမယ်လို့ လည်း ရွှေကူPDF က ထုတ်ပြန်ထားပါတယ်။