PDF တွေဟာ ရန်သူ့အင်အားကို နေ့စဉ်ပြုန်းတီးအောင်စွမ်းဆောင်နိုင်ခဲ့ကြောင်း NUG ပြေ

PDF တွေဟာ ရန်သူ့အင်အားကို နေ့စဉ်ပြုန်းတီးအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ကျေးလက်ဒေသများစွာအပေါ် စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတော်လှန်စစ် ၆ လပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
PDF စိုးမိုးနယ်မြေတွေကို အခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအာဏာကို စတင်တည်ထောင်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ မြို့ကြီး၊ မြို့ငယ်တွေမှာလည်း မြို့ပြပြောက်ကျားစစ်ကို ထိရောက်စွာ ဆောင်ရွက်နိုင်ကြပြီလို့ ဆိုပါတယ်။
‘ခြုံကြည့်ရင် ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ ကနဦးအဆင့်ဟာ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်များ အတိုင်းအတာတစ်ခုအထိ ပေါက်မြောက်ရောက်ရှိခဲ့တယ်လို့ ပြောနိုင်တယ်’ လို့ အစီရင်ခံစာက ဆိုပါတယ်။
PDF ရဲဘော်တွေဟာ အခက်အခဲများစွာထဲကနေ လက်လှမ်းမီရာ စစ်ပညာကို လေ့လာသင်ယူခဲ့ကြရပြီး ကိုယ့် လက်နက်ကို ကိုယ်ကိုယ်တိုင် ကြိုးစားဖန်တီး ထုတ်လုပ်ခဲ့ကြကြောင်း အခုဖြတ်သန်းခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ် ၆ လတာ ကာလကို တော်လှန်ရေးရဲ့ ကနဦးအဆင့်လို့ မှတ်ယူမယ်ဆိုရင် ဒီအဆင့်မှာ PDF ရဲဘော်တွေဟာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်ကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်လာကြတယ်လို့လည်း ဆိုပါတယ်။
ပုံစာ – ကနီ PDF