Credit – Thai News
ဖေဖော်ဝါရီလနဲ့ မတ်လဆန်း ပထမပတ်အတွင်းမြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို သီးနှံတင်ကားတွေကနေ တရားမ၀င် ဝင်ရောက်ရင်း ဖမ်းဆီးခံရတာ ၆၇ ယောက်ရှိနေပြီလို့ မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှူ ကော်မတီ ဉဣဠ ဦးမိုးကြိုးက ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာလုပ်သားတွေကို ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံရဲ့ မြို့ကြီးတွေမှာ အလုပ်လုပ်နိုင်ဖို့ ပွဲစားတွေက ခေါ်ဆောင်လာတာလို့ သူကဆက်ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ မြန်မာလုပ်သား ၁၄ ယောက်နဲ့ မတ်လ ၁၀ ရက်နေ့မှာ ၅၃ ယောက်စုစုပေါင်း ၆၇ ယောက် ဖမ်းဆီးခံထားရတာပါ။ ပွဲစားခအဖြစ် လူတစ်ဦးကို ဘတ် ၂၆,၀၀၀ ကနေ ၂၈,၀၀၀ အထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။