ချောင်းဦး၊ ရွှေလှေရွာကို ပျူတွေ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေလှေရွာကို ပျူစောထီးတွေ သေနတ်ဖောက်ဝင်လာကာ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲလောက်မှ ကံကြီးကုန်း ပျူစောထီးတွေက ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကာ မနက် ၉ နာရီလောက်မှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း Chaung U Revolution ကသတင်းထုတ်ပြန်ပါတယ်။
ပျူစောထီးတွေဟာ ရွာထဲက NLD ထောက်ခံသူတွေရဲ့ အိမ်ကို ရွေးချယ်မီးရှို့ခဲ့ကြတာလို့ သိရပါတယ်။