Foodpanda ပစ္စည်းပို့သူတွေ အမည်စာရင်းကို စစ်အုပ်စုတောင်းခံတဲ့စာထွက်ပေါ်

ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွေမှာ Foodpanda ပစ္စည်းပို့သူတွေရဲ့ အမည်စာရင်းကို System server ကနေ ထုတ်ယူပြီး မြို့နယ်ရဲတပ်ဖွဲ့တွေထံကို ပေးပို့ဖို့ စစ်အုပ်စုက အကြောင်းကြားတစ်စောင် ပေးပို့ခဲ့တဲ့စာဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
“စာကိုတွေ့တယ် ဒါဒီကောင်တွေ ဘာအကွက်ခင်းပြန်ပြီလဲ မသိဘူး၊ ပစ္စည်းမှာယူသူတွေရော ပစ္စည်းပို့သူတွေရော အကုန်လုံး သတိထားရမယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက အခုလို နာမည်စာရင်းတောင်းခံလာမှုနဲ့ ပက်သက်ပြီး Foodpanda ကုမ္ပဏီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။