မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၅၄ လမ်း (၁၀၄×၁၀၅) လမ်းကြားမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အကွက်မှူးတစ်ဦးရဲ့ ဇနီးဖြစ်သူ ဗုံးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မတ်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ အမည်မသိအမျိုးသား ၂ ဦးက ရပ်ကွက်ရုံးထဲကို ဗုံးပစ်ထည့် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရုံးဝင်းအတွင်း နေထိုင်တဲ့ အကွက်မှူး ဦးခင်မောင်ဦးရဲ့ ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။