ဘိုကလေးမြို့နယ်ထဲမှာ စခန်းမှူးကိုယ်တိုင် လောင်းကစားဝိုင်းတွေ ဖွင့်​နေ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာအုပ်စု တင်းငုတ်ကြီးကျေးရွာမှာ မြင်းကကုန်းနယ်မြေ ရဲစခန်းမှူး စိန်တိုးကိုယ်တိုင် ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ လုပ်​နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တင်းငုတ်ကြီးကျေးရွာရှိ ဦးအေးလှိုင်ရဲ့ ခြံဝန်းအတွင်းမှာ စခန်းမှူးကိုယ်တိုင် စောင့်ကြပ်ဦးဆောင်ပြီး ကြက်ဝိုင်းနဲ့ ခြောက်ကောက်ဝိုင်းတွေကို လုပ်ဆောင်နေခဲ့တာလို့ ဆိုပါတယ်။
“စခန်းမှူးကိုယ်တိုင် ဦးဆောင်ပြီး လုပ်နေတာပါ၊ ဝိုင်းတွေမှာ သူပါရှိပါတယ်၊ ရဲက လုံခြုံရေးနဲ့ လောင်းကစားဝိုင်းကို ကိုယ်တိုင်လုပ်နေတော့ တရားဥပဒေစိုးမိုးမှုဆိုတာ ဘာမှ မရှိတော့ပါဘူး” လို့ ဘိုကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့မှာ စစ်အုပ်စုက လိုင်းကြေးရယူပြီး လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။