ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးတဲ့ (၃၄) နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက် လှုပ်ရှားမှု

Photo- တကသများရန်ကုန်
ဒီနေ့ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသား သမဂ္ဂများက ရဲဘော်တွေဟာ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် လှုပ်ရှားမှုတခုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ စက်မှုကျောင်းသား အာဇာနည် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကို အမှူးပြုပြီး အကြမ်းဖက်အာဏာရှင်စနစ်ကို အပြီးသတ် ဖျက်ဆီးဖြိုချပစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ‘သွေးကြွေးတွေ မျိုးဆက်ထပ်မကူးစေနဲ့’ ကြွေးကြော်သံစာသား ရေးသားထားတဲ့ စာတန်းကို ရန်ကုန်မြို့တစ်နေရာမှာ ချိတ်ဆွဲခဲ့တာလို့ တကသများရန်ကုန်က ထုတ်ပြန်ပါတယ်။