CDM ဝင်မယ့် စစ်သားတဦးကို ကျောက်ထုPDFကယ်ထုတ်

Photo- ‌ကျောက်ထု PDF
မကွေးတိုင်း ကျောက်ထုမြို့အခြေစိုက် ကျောက်ထုတပ်အတွင်းကနေ ကူညီကယ်ထုတ်ပေးဖို့ အကူညီတောင်းခံလာတဲ့ CDMလုပ်မယ့် တပ်မတော်သားတစ်ဦးကို ကျောက်ထုPDFက ကယ်ထုတ်ပေးခဲ့တယ်လို့ ဒီကနေ့ မတ် ၁၂ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
CDMလုပ်ပြီး မိသားစုဆီကို ပြန်ချင်တဲ့ တပ်မတော်သား တစ်ဦးကို ကျောက်ထုPDFက သေချာစိစစ်ကာ သွားရောက်ကယ်ထုတ်ပြီး မိသားစုဆီ ဘေးကင်းကင်းနဲ့ အရောက်ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စု လက်အောက်မှ စွန့်ခွာကာ CDMလုပ်ဆောင်လိုသူ တပ်မတော်သားတွေကို လက်နက်အပြည့်အစုံနဲ့ ထွက်ခွာလာပါက ဆုကြေးငွေ ကျပ်သိန်း ၈၀ကို ချီးမြှင့်ပေးမယ်လို့ ကျောက်ထုPDFက သတင်းထုတ်ပြန်ထားပါတယ်။