မြင်းခြံက ဆိုင် ၇ ဆိုင် မြန်မာဘီယာရောင်း နေတာကို ၁၅ ရက်အတွင်းရပ်ဖို့ သတိပေး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်အုပ်စုထုတ်ကုန် မြန်မာဘီယာ ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင် ၇ ဆိုင်ကို ၁၅ ရက်အတွင်း ရပ်ဆိုင်းဖို့ မြင်းခြံခရိုင် တပ်ပေါင်းစုက သတိပေးလိုက်ပါတယ်။
မြင်းခြံမြို့နယ်ထဲက မွှေးမွှေးစတိုး၊ ဘကျော်ဘီယာဆိုင်၊ ပန်းခင်းဘီယာဆိုင်၊ Dream Garden၊ Lucky Star၊ ရွှေဝိုင်းတော်နဲ့ခိုင်ရွှေတို့ဟာ မြန်မာဘီယာကို ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ပြီး သတ်မှတ်အချိန်အတွင်း ဖြန့်ဖြူးတာကို မရပ်ပါက စစ်အုပ်စုထောက်တိုင်အဖြစ် သတ်မှတ်ချေမှုန်းသွားမယ်လို့ တလုပ် PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီဆိုင် ၇ ဆိုင်အနေနဲ့ စစ်အုပ်စုထုတ်ကုန်တွေနဲ့ လွတ်ကင်းတဲ့ ကုန်ပစ္စည်းတွေ ဖြန့်ဖြူးရောင်းချခြင်းနဲ့ စီးပွား ရှာကြဖို့ မြင်းခြံခရိုင်တပ်ပေါင်းစုက လေးနက်စွာ တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။