စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၁ ရက်နေ့၊ ည ၉ နာရီလောက်မှာ မြောင်မြို့ပေါ်ကနေ ဆင်းလာတဲ့ အကြမ်းဖက်တပ်ကို မရိုးကုန်းရွာတံတားအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေက မိုင်းဆွဲပြီးနောက် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Myaung People`s Defense Force TGR) ကဒီကနေ့ ထုတ်ပြန်ပါတယ်။
ပုလဲအခြေစိုက် ပြောက်ကျားခေါင်းဆောင်တစ်ဦးက ‘စစ်ကိုင်းတိုင်းကို စစ်ခွေးတွေ ဖြိုလို့မရဘူးဆိုတာ သက်သေပြလိုက်တာပဲ။ ဒီနေရာကို သူတို့ဖြိုရင် ဟိုနေရာမှာ သူတို့အဖြိုခံရမယ်ဆိုတာ သက်သေပဲ’ လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Myaung People`s Defense Force TGR)၊ Zamani Revolution Force (MMU) စစ်ကိုင်းခရိုင်တပ်ရင်း (၁) ၊ (CDSOM) မြောင်နဲ့ 11brother Force (myaung) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။
မရိုးကုန်းတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု လုံးဝမရှိဘူးလို့ သိရပါတယ်။