စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းထန်တဲ့ပေါက်ကွဲသံတစ်ခု ကြားရတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်မှ ာမုံရွာမြို့အထွက် ဘုတလင်ဘက်သွားတဲ့လမ်းပေါ်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ BE တပ်လောက်မှာ ပေါက်ကွဲသံ ကြားရကြောင်း သိရပါတယ်။
မုံရွာမြို့၊ ထန်းတောရပ်ကွက်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ‘မြို့အထွက်မှာနေတဲ့သူတွေ ပြောကြတယ်။ နမခထဲက တော်တော်ကျယ်တဲ့ ပေါက်ကွဲသံလို့ ပြောတယ်။ ဘာပေါက်ကွဲတာလဲ ဆိုတာတော့ မသိကြသေးဘူး’ လို့ ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကားတော်တော်များများ စစ်ဌာနချုပ်ထဲ ဝင်သွားသလို မီးသတ်ကား ၅ စီးလည်း ဝင်သွားတယ်လို့ ပြည်သူတစ်ဦးက သတင်းပေးပို့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။