ပါကစ္စတန်နိုင်ငံထဲကို အိန္ဒိယက ဒုံးကျည်နဲ့ မတော်တဆပစ်မိ

Photo – NBC

အခုသီတင်းပတ်အတွင်း ပါကစ္စတန်နိုင်ငံထဲကို မစ်ဇိုင်းဒုံးကျည်တခု မတော်တဆ မှားပစ်မိခဲ့တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက မတ်လ ၁၁ရက်နေ့မှာ ပြောပါတယ်။

ဒါဟာ ပြုပြင်ထိန်းသိမ်းရေးလုပ်ရင်း နည်းပညာချို့ယွင်းမှုကြောင့် အခုလိုဖြစ်ရတာလို့ ဆိုထားပါတယ်။

သူတို့အိမ်နီးချင်းနှစ်နိုင်ငံစလုံးဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားပြီး ကက်ရှ်မီးယား ပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သတ်လို့ စစ်ပွဲသုံးကြိမ်ဆင်နွဲခဲ့တဲ့အပြင် တိုက်ပွဲအသေးစားတွေလည်း အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ပုံမှန်ထိန်းသိမ်းရေး လုပ်ဆောင်စဉ်  လုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်း နည်းပညာဆိုင်ရာ အမှားအယွင်းတခုကြောင့် မစ်ဇိုင်း တလုံးကို မတော်တဆ ပစ်လွှတ်မိတယ်။ ဒီအရေးကို အိန္ဒိယအစိုးရအနေနဲ့ အရေးတကြီးကိုင်တွယ်ဆောင်ရွက်နေပြီး အဆင့်အမြင့်ဆုံး တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့ ညွှန်ကြားထားတယ်လို့ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒုံးကျည်ဟာ လက်နက်မဲ့ဖြစ်ပြီး မြို့တော်အစ္စလာမ်ဘတ်ကနေ ကီလိုမီတာ ၅၀၀ ခန့်အကွာမှာရှိတဲ့ မီယန်ချန်နူမြို့အနီးမှာ ပျက်ကျခဲ့တယ်လို့  ပါကစ္စတန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ပါကစ္စတန် စစ်တပ်ပြောခွင့်ရ အရာရှိတဦးက “ဒီအရာ ပျံသန်းလာတဲ့ လမ်းကြောင်းဟာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံလုံးရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ် လမ်းကြောင်းအများအပြားကို အန္တရာယ်ဖြစ်စေခဲ့ပြီး၊ မြေပြင်က လူတွေရဲ့ အသက်တွေ၊ အဆောက်အဦတွေအတွက်လည်း အန္တရာယ်ဖြစ်စေခဲ့တယ်”လို့ မတ်လ ၁၀ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။