မုံရွာ-စစ်ကိုင်းလမ်းမှာ စစ်အုပ်စုရဲ့ ယာဉ်တန်းမိုင်းထိ

မုံရွာ-စစ်ကိုင်းလမ်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကား ၈စီးပါ ယာဉ်တန်း မိုင်းဆွဲခံရပြီး အသေအပျောက် များနိုင်တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ PAFDက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ မတ်လ ၁၁ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်ခန့်မှာ မုံရွာ-စစ်ကိုင်းလမ်း အုန်းတောကျေးရွာ အရှေ့ဘက် နဲ့ နတ်ခရိုင်ရွာ အနောက်ဘက်ကြားထဲမှာ စစ်အုပ်စုရဲ့ ယာဉ်တန်းကို PAFDကက ရှေ့ထွက်မိုင်း ၁၀လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုရဲ့ ကားတစ်စီး ပျက်စီးသွားခဲ့ပြီး သေဆုံးသူတွေ ရှိနိုင်တယ်လို့ PAFDက ဆိုပါတယ်။