လူရွှင်တော် ဟာသသရုပ်ဆောင် ဦးဖိုးဖြူ ကွယ်လွန်

ဟာသသရုပ်ဆောင်တစ်ဦးဖြစ်ပြီး မြပုဏ္ဏမအငြိမ့်မှ ဝါရင့် လူရွှင်တော်တစ်ဦးဖြစ်သူ ဦးဖိုးဖြူ ကွယ်လွန်သွားခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် အနုပညာသတင်းထောက်တစ်ဦးကပြောပါတယ်။
ဒီကနေ့ မတ်လ ၁၁ရက်နေ့ ညနေ ၆နာရီ ၄၅မိနစ်ခန့်မှာ ဦးဖိုးဖြူဟာ မြောက်ဥက္ကလာပ OSCဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဦးဖိုးဖြူဟာ ဟာသသရုပ်ဆောင်အဖြစ် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၃နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။