စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မိုင်းပြန်ရှင်းလင်းရင်း မတော်တဆဖြစ်ပြီး Golden Star Forceက ပြည်သူ့ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ Golden Star Force က ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးလာမယ့် လမ်းကို အစောပိုင်းမှာ မိုင်းထောင်ထားထားခဲ့တာဖြစ်ပြီး စစ်အုပ်စုက ရောက်မလာတာကြောင့် မိုင်းတွေ ပြန်လည်ဖြုတ်သိမ်းစဉ်မှာ အခုလို ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ကျဆုံးသွားသူ ၂ ဦးမှာ ရဲဘော် ထက်နိုင်လင်းနဲ့ ရဲဘော်လျှမ်းထက်တို့ ဖြစ်တယ်လို့ Golden Star Force က ဆိုပါတယ်။
ကျဆုံးရဲဘော်နှစ်ဦးအတွက် Golden Star Force မှတ်တမ်းတင်ဂုဏ်ပြုခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။